မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှု၊ အသင်းဝင်ကုမ္ပဏီများ၏ စုပေါင်းပါဝင်လှူဒါန်းမှုများဖြင့် ငလျင်ဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆေးဝါး ဆေးပစ္စည်းများနှင့် ငွေသားအလှူများအား လိုအပ်သော နေရာများသို့ လှူဒါန်းမှုများဆောင်ရွက်လျှက်ရှိရာ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ငွေကျပ် သိန်း(သိန်း၅၀၀) မတည်၍ (၂.၄.၂၀၂၅)ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော ငလျင်ဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုသမှုများဆောင်ရွက်နိုင်ရန်အတွက် စုစုပေါင်း ၂၆,၄၀၀,၅၅၀ (နှစ်ရာခြောက်ဆယ့်လေးသိန်း ငါးရာ့ငါးဆယ်ကျပ်)တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူလှူဒါန်း ပေးပို့ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ကျန်ရှိသော အသင်းမတည်ငွေနှင့် အသင်းဝင်ကုမ္ပဏီများမှ ပေးပို့လှုဒါန်းလာသော ဆေးနှင့်ဆေးပစ္စည်းများ အလှူငွေများကိုလည်း ငလျင်ဘေးကျရောက်ခဲ့သော ဒေသများရှိပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သောနေရာများသို့ အမြန်ဆုံး ဆက်သွယ်ပေးပို့ လှူဒါန်းသွားနိုင်ရန်အတွက် အသင်းဗဟိုအလုပ်အမှုဆောင်နှင့်အလုပ်အမှုဆောင်များမှ အချိန်နှင့်တပြေးညီ ကြိုးစားစီမံ ဆောင်ရွက်လျှက်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။