March, 2020 ==> 14.3.2020
Covid-19 ရောဂါ ရှာဖွေရေး၊ ကာကွယ်ရေး၊ ကုသရေးတွင် အသုံးပြုသော ဆေးပစ္စည်းနှင့်ဆေးဝါးများ ပံ့ပိုးရောင်းချ ဖြန့်ဖြူးပေးရန် ဆေးနှင့်ဆေးပစ္စည်းတင်သွင်းရောင်းချသူများထံတွင် ပစ္စည်းလက်ဝယ် အဆင်သင့်ရှိပါက "ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD)" ၏ Help Desk ကိုဆက်သွယ် စာရင်းပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
လှူဒါန်း၊ ဝယ်ယူလိုသော်လည်း စျေးမှန်၊ ပစ္စည်းမှန်၊ တရားဝင်တင်သွင်းထားသော ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရန် အခက်အခဲရှိပါက၊ ဘယ်နေရာတွင် ဝယ်ရမည်မှန်းမသိ၍ အခက်အခဲရှိပါက ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ Help Desk မှကူညီ၍ ရောင်းချသူများနှင့် ဝယ်ယူလိုသူ၊ လှူဒါန်းလိုသူများအချင်းချင်း တိုက်ရိုက်ချိတ်ဆက်၍ လှူဒါန်းနိုင်ရန်၊ ဝယ်ယူနိုင်ရန်အတွက် ကူညီပေးသွားမည်ဖြစ်ပါသည်။
ဝယ်ယူလိုသူ၊ လှူဒါန်းလိုသူများနှင့် တရားဝင်တင်သွင်းရောင်းချသူများအချင်းချင်း မိမိကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ချိတ်ဆက်၍ စိတ်တိုင်းကျ စီစစ်မေးမြန်း ဝယ်ယူနိုင်ကြမည်ဖြစ်၍ များစွာအကျိုးရှိမည်ဟု ယုံကြည်ပါသည်
ရောင်းချလိုသူနှင့်ဝယ်ယူလိုသူတို့သည်......
မိမိ၏
(၁)အမည်
(၂)ကုမ္မဏီအမည်
(၃)ချက်ချင်း (သို့) တစ်လအတွင်း ရောင်းချနိုင်မည့် ပစ္စည်းအမည်၊ အမျိုးအစား
(၄) ထုတ်လုပ်သည့်နိုင်ငံ
(၅) ရောင်းချ/ဝယ်ယူလိုသည့် အရေအတွက်
(၆) ဆက်သွယ်ရန်လိပ်စာ
(၇) ဖုံးနံပါတ်
(၈) Email
တို့ကိုဖော်ပြလျှက် ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း Help Desk အားဆက်သွယ်ရန် လိပ်စာနှင့် contact detail မှာ......
Dr. Moe Thet Paing Tun
Help Desk Coordinator
Ph no. - 09420901003
Email - عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.
Address - No.29 Min Ye Kyaw Swar Street, UMFCCI Office Tower Level 6, Lanmadaw Township, Yangon.
#MCCPMD